Sunday, March 25, 2012

မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများအနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်

မြန်မာနိုင်ငံမှ အင်တာနက် အသုံးပြုသူများအနေဖြင့် မိမိတို့၏ Online လုံခြုံရေးကို ဂရုပြုသင့်ကြောင်း ဖေဖော်ဝါရီ ၁၁ရက်နေ့နှင့် ၁၂ရက်နေ့များက မြန်မာအင်ဖိုတက်ခ်(MIP) အဆောက်အအုံ၌ ကျင်းပပြုလုပ်ခဲ့သည့် Barcamp Yangon (2012)တွင် နိုင်ငံခြားသား ပညာရှင်တစ်ဦး၏ ဆွေးနွေးပြောကြားချက်မှ သိရသည်။ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူ အများစုသည် Cyber Cafe များတွင် အသုံးပြုသူများဖြစ်၍ ထိုသို့အသုံးပြုမည်ဆိုပါက မိမိတို့၏ ကိုယ်ပိုင် Memory Stick များတွင် Internet Browser များကို ထည့်သွင်းထား၍ ထို Browser များကို အသုံးပြုသင့်ကြောင်း ဆွေးနွေးခဲ့သည်။

ထို့အပြင် စက်အတွင်းမှ Browser များကို အသုံးပြုမည်ဆိုပါက အသုံးပြုပြီးချိန်တွင် history များကို Clear လုပ်ရန်လိုအပ်ကြောင်း၊ မိမိတို့အသုံးပြုမည့် အင်တာနက်ဆိုင်၏ အခြေအနေကို အရင်လေ့လာအကဲခတ်သင့်ကြောင်း၊ တချို့သော အင်တာနက်ဆိုင်များမှာ မိမိတို့ နှိပ်လိုက်သမျှ Key များကို ပြန်လည်ဖော်ထုတ်ပေးခိုင်းသည့် Software များစက်တွင် ထည့်သွင်းထားတတ်ကြောင်း၊ ဆိုင်အတွင်းတပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာများမှလည်း မိမိတို့၏ အချက်အလက်များကို ခိုးယူနိုင်သည်ကို သတိပြုသင့်ကြောင်း ထိုနိုင်ငံခြားသားပညာရှင်မှ ဆွေးနွေးပေးခဲ့သည်။

ထို့ပြင် မိမိတို့၏ password များကိုလည်း ဂဏန်းများ၊ အက္ခရာများအပြင် Symbol ကလေးများကိုပါ ထည့်သွင်း၍ စာလုံးရေများများဖြင့် ပြုလုပ်သင့်ကြောင်း၊ email နှင့် တခြားအရေးကြီးသည့် Website များ အသုံးပြုရာတွင် “https://’’ ဆိုသည့် Security ပါသော Website များကို အသုံးပြုသင့်ကြောင်း၊ အနာဂတ် မြန်မာနိုင်ငံတွင် Online Banking အပြင် တခြားသောငွေကြေး ဝန်ဆောင်မှုများလာတော့မည်ဖြစ်၍ မိမိ၏ လုံခြုံရေးမှာ အရေးကြီးလာသဖြင့် လေ့လာထားသင့်ကြောင်းများကို အကြံပြု ဆွေးနွေးပေးခဲ့သည်။

Ref: Internet

No comments:

Post a Comment