Sunday, March 25, 2012

ကမ္ဘာ့ကုလသမဂ္ဂမှ အင်တာနက် ထိန်းချုပ် မှုများ ပြုလုပ်ပေးရန် အဆိုပြု

ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ အစည်းကြီး မှ အင်တာနက် ထိန်းချုပ်မှုများ ပြုလုပ်ပေးရန် အဆို ပြုချက် များကို ရုရှားနှင့် တရုတ်တို့က ဦးဆောင် တင်သွင်း ခဲ့ကြောင်း သိရှိ ရသည်။ ၂၀၁၂ နှစ်ကုန်၌ စတင် အကောင်အထည် ဖော်ရန် မျှော်မှန်း၍ အဆို တင်သွင်းခြင်း ဖြစ်သည်။

နိုင်ငံ အတော် များများက လည်း ၄င်းအဆိုပြုချက်ကို ထောက်ခံသည်ဟု ဆိုသည်။ ကမ္ဘာ့ကုသမဂ္ဂအဖွဲ့၏ ကြီး ကြပ်မှုကိုခံယူပြီး အပြည်ပြည် ဆိုင်ရာ ဆက်သွယ်ရေး သမဂ္ဂ (ITU) မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ အင်တာနက်ထိန်းချုပ်ရေးစာချုပ်ကို ချုပ်ဆိုရန်လိုအပ်ကြောင်း ရုရှား ဝန်ကြီးချုပ် ပူတင်က ပြောကြားခဲ့ သည်။

၎င်းအဆိုပြုချက်သည် ၁၉၈၈ မှစတင်ပြီး ကျယ်ပြန့်လာ သည့် အင်တာနက်၏ အခန်းကဏ္ဍ ကို ပြောင်းလဲစေမည့် နည်းပညာ သစ်များပေါ်ထွက်လာဖွယ်ရှိသည် ဟု ဆိုသည်။ ၁၉၉၅ ၌ လူပေါင်း ၁၆ သန်း အသုံးပြုသည့် အင်တာနက်သည် ၂၀၁၁ ၌ လူပေါင်း ၂ ဘီလျံမျှ အသုံးပြုလာသည်အထိ ကျယ်ပြန့် လာခဲ့ကြောင်း သိရသည်။

အမေရိကန် နိုင်ငံကမူ အဆိုပါ စာချုပ်ချုပ် ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးပွဲဖြစ် မြောက်ရေး၏ ရှေ့ဆောင်နိုင်ငံ အဖြစ် အဆိုပြုခဲ့ခြင်း မရှိဟု ဆိုသည်။ အဆိုပါ အဆိုပြုချက်များ သည် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ တစ်ဆင့် အင်တာနက်လွတ်လပ် ခွင့်ကို ထိပါးလာစေနိုင်ကြောင်း အကဲခတ်များက ထုတ်ဖော်တင်ပြ ခဲ့သည်။

Myanmar Express

No comments:

Post a Comment